ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းတွင်၊ တနင်္သာရီတိုင်း၊ ပုလောမြိုနယ်၊
ကဒဲကျေးရွာတဝိုက်ရှိ အကြမ်းဖက် PDF များကိုလုံခြုံရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။
တိုက်ခိုက်ရှင်းလင်းစဉ်အတွင်း အကြမ်းဖက်သမားများမှာ မတရားဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူ ၁၃ ဦးကိုလည်း
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများကိုလည်း
သိမ်းပိုက်ရရှိခဲ့ပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မယ့်ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ပြီး
အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများလည်း ပြုလုပ်လျက်ရှိကြောင်းလည်း ပြည်သူများထံမှ သိရှိခဲ့ရပါတယ်။







