ကံဆိုးလိုက်ကံကောင်းလိုက်ဖြစ်နေရခြင်းဟာကိုယ်ပေးထားတာတွေကိုယ်ပြန်ရနေတာပါ။ ကိုယ်ကမမှန်မကန်အကြံအဖန်စိတ်ထားနဲ့သူတစ်ပါးကို ပေးမိတော့ကိုယ်ပြန်ရတော့လည်းမတန်မရာတွေဘဲ ပြန်ရတာပဲ။ စေတနာ အပြည့်အဝထားပြီးပေးလိုက်တဲ့အရာမှန်သမျှကတော့တူသောအကျိုးတင်မကပြည့်ပြည့်ဝဝ ပြန်ရတတ်ပါတယ်။ ကိုယ်က စိတ်ချမ်းသာရင်ကိုယ်နဲ့ဆက်ဆံနေရတဲ့မိသားစု၊ ပတ်ဝန်းကျင်အပေါ်မှာစိတ်ဆင်းရဲမှုတွေ မပေးရဘူး။ ဒါ့ကြောင့်တစ်ဦးနဲ့တစ်ဦးအပြန်အလှန်ဖေးကူရင်းပေးရမှာချင်းအတူတူကိုယ်မလိုချင်တာ၊ မရချင်တာတွေသူတစ်ပါးကို မပေးမိပါစေနဲ့။ကိုယ်လိုချင်တာ၊ ရချင်တာတွေကိုပဲသူတစ်ပါးကိုပေးတတ်ပါစေ။ […]