နေပြည်တော်ကောင်စီနယ်မြေအတွင်း မော်တော်ဆိုင်ကယ်များ လိုက်လံခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးကို သက်သေခံမော်တော်ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုးသည် Honda Wave-100 အမျိုးအစား မော်တော်ဆိုင်ကယ်ကို ဈေးကုန်းကျေးရွာရှိ ဆင်ေ-သဈေးအနီး၌ ရပ်ထားခဲ့ပြီး ဈေးဝယ်သွားရာမှ ပြန်လာစဉ် ဆိုင်ကယ်ပျေ-ာက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍…