တရုတ်နိုင်ငံ အလယ်ပိုင်းက အဝေးပြေးလမ်းမပေါ် ကားအစီးရေများစွာ ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကာ ဒါဇင်နဲ့ ချီပြီး ဒဏ်ရာရခဲ့ကြောင့် ဖေဖော်ဝါရီ ၅ ရက်က အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပြည်နယ်ပိုင် မီဒီယာတွေမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဗွီဒီယိုတွေထဲမှာ ထရပ်ကားတွေ မီးလောင်ကျွမ်းနေခဲ့ပြီး ကားတွေမှန်ချပ်တွေ ကွဲ ကြေနေတာကိုလည်း တွေ့ရပါ တယ်။
ဟူနန်ပြည်နယ်က အဝေးပြေးလမ်းမကြီးတစ်လျှောက် ကားအစီးရေ ၅၀ နီးပါးဟာ ပြီးခဲ့တဲ့ စနေနေ့ ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်းမှာ ဆင့်တိုက်ခဲ့ပြီး မော်တော်ယာဉ်တချို့ မီးလောင်မှု ဖြစ်ခဲ့ ကြောင်း ဒေသဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲ့ဒီ ကြီးမားတဲ့ ယာဉ်တိုက်မှုထဲ လူပေါင်း ၁၆ ဦးသေဆုံးခဲ့ပြီး အခြား ၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လည်း ဆိုပါတယ်။

