နေပြည်တော်ကောင်စီနယ်မြေတွင် တည်ထားကိုးကွယ်လျက်ရှိသော မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး .. ရတနာပလ္လင်တော်ထက်၌ … ဌာပနာသွင်းလှူပူဇော်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးထံသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နေ အလှူရှင် ဦးတင်ထွေးနှင့် ဒေါ်ကြည်ကြည်သန်းမိသားစုမှ..အလေးချိန်(၉၈.၈၆)ဂရမ်ရှိ သူယောင်ပတ္တမြားရံလက် ကောက်(၁)ကွင်း၊ သူယောင်ပတ္တမြားရံဆွဲသီး(၁)ကွင်း၊ သူယောင်ပတ္တမြားရံလက်စွပ်(၁) ကွင်း၊L & K နှစ်ပင်လိမ်ကြိုး(၁)ကုံး၊ မိုးကုတ် ပတ္တမြားခြယ်လက်စွပ်(၁)ကွင်း၊ မိုးကုတ် ပတ္တမြား လေးထောင့်နားကပ်(၁)ရံ စုစုပေါင်းပစ္စည်း(၆)မျိုး(တန်ဖိုးငွေ_၁၉,၀၀၀,၀၀၀ကျပ်)အား လာရောက်ပေးအပ်လှူဒါန်းသွားကြောင်း သတင်းရရှိပါတယ်….



