ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ ၃၀ ကျပ်သား (၅၀၀ ဂရမ်)
- ချင်း လက်နှစ်ဆစ်ခန့် ၊ ထောင်းပြီး အရည်ညှစ်ထားပါ
- ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
- တန်ပူရာအကြော်မှုန့် ၁ ထုပ်
- Chili Garlic Sauce ထမင်းစားဇွန်း ၄ ဇွန်း
- ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကိုရီးယားငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
- ရေ ထမင်းစားဇွန်း ၇ ဇွန်း
- ခနောဆန်ပြုတ် ၁ ထုပ်
- ရေ ၂၅၀ မီလီလီတာ
- ဆီ ၄၀ ကျပ်သား (၆၅၀ ဂရမ်)
- နှမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်မြိတ် ၁ ပင် ၊ ခပ်သေးသေးလှီးဖြတ်ထားပါ
ချက်ပြုတ်ပြင်ဆင်ပုံ
ပါဝင်ပစ္စည်းများ
- ကြက်တောင်ပံ ၃၀ ကျပ်သား (၅၀၀ ဂရမ်)
- ချင်း လက်နှစ်ဆစ်ခန့် ၊ ထောင်းပြီး အရည်ညှစ်ထားပါ
- ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပြောင်းကော်မှုန့် ထမင်းစားဇွန်း ၅ ဇွန်း
- တန်ပူရာအကြော်မှုန့် ၁ ထုပ်
- Chili Garlic Sauce ထမင်းစားဇွန်း ၄ ဇွန်း
- ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကိုရီးယားငရုတ်အနှစ် ထမင်းစားဇွန်း ၂ ဇွန်း
- ရေ ထမင်းစားဇွန်း ၇ ဇွန်း
- ခနောဆန်ပြုတ် ၁ ထုပ်
- ရေ ၂၅၀ မီလီလီတာ
- ဆီ ၄၀ ကျပ်သား (၆၅၀ ဂရမ်)
- နှမ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်မြိတ် ၁ ပင် ၊ ခပ်သေးသေးလှီးဖြတ်ထားပါ
ချက်ပြုတ်ပြင်ဆင်ပုံ
- ချင်းရည်၊ကိုရီးယားငရုတ်သီးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း၊ကြက်သားမှုန့်တို့နဲ့ ကြက်တောင်ပံများအား နယ်ပြီး ၁ နာရီခန့် နှပ်ထားပါ။
- ပြောင်းကော်မှုန့်နဲ့ အကြော်မှုန့်များကို ကိုရီးယား ငရုတ်သီးမှုန့် တစ်ဇွန်းထည့်ပြီး သမအောင် မွှေထားပါ။
- တစ်နာရီပြည့်ပါက နယ်ထားသော ကြက်သားများအား သမအောင်မွှေထားသော အကြော်မှုန့်များနဲ့ လူးထားပါ။
- ဆီ လေးဆယ်သားခန့် အား အိုး နက်နက် တစ်ခုမှာ အပူပေးထားပါ။
- ဆီများ ပူလာပါက မီးအရှိန်ပြန်လျှော့ပြီး အကြော်မှုန့် လူးထားတဲ့ ကြက်တောင်ပံများအား မီးအေးအေးနဲ့ မိနစ် ၂၀ လောက် ကြော်ပြီး ရွှေအိုရောင်သမ်းလာရင် ဆီစစ်ပြီး ဆယ်ထားပါ။
- Sauce ကျိုဖို့ အိုးအသစ်တခုမှာ Chili Garlic Sauce များကို ရေ ၇ ဇွန်းလောက်ထည့်ပြီး ပွက်ပွက် ဆူအောင် တည်ထားပါ။
- ပွက်ပွက်ဆူလာပါက ပဲငံပြာရည်၊သကြား၊ပျားရည်၊ကိုရီးယားငရုတ်အနှစ်တို့ထည့်ပြီး ပျစ်လာတဲ့အထိ တည်ပါ။
- ပျစ်လာပါက အိုးမှ ချပြီး ကြော်ထားသော ကြက်သားများဖြင့် လူးပါ။
- နှမ်းအနည်းငယ် ဖြူးပြီး ဆန်ပြုတ်၊ကြက်သွန်မြိတ်တို့နဲ့ တွဲဖက်စားဖို့ အဆင်သင့် ပြင်ပါ။
- အိုးအသစ်တစ်လုံးတွင် ခနော ဆန်ပြုတ်ထုတ်အား ဖောက်ထည့်၍ ရေ ၂၅၀ မီလီလီတာနဲ့ ဆူပွက်လာအောင်ပြုတ်ပါ။ဆူပွက်လာပါက မီးလျှော့ပြီး အကျဲ ကြိုက်ပါက ၃ မိနစ်ခန့် မွှေပြီး ချပါ။အပျစ်ကြိုက်ပါက ၅ မိနစ်ခန့် မွှေပြီး မီးဖိုပေါ်မှ ချကာ ကိုရီးယားကြက်ကြော်အစပ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။
- မှတ်ချက်။ ။ အရသာအပြင်းကြိုက်ရင် အသားနယ်ရင် ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် ပိုထည့်နယ်ပေးပါ။ Sauce ကျိုတဲ့အခါမှာလည်း အရသာစပ်စပ်လေးလိုချင်ရင် Chili Garlic Sauce ကို စုစုပေါင်း ၇ ဇွန်းလောက်ထည့်ပြီး ရေ ၁၀ ဇွန်းနဲ့ ကျိုနိုင်ပါတယ်။