တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အမေရိကန်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံကြားစစ်ရေးအရဆက်ဆံရေးကို တိုးမြှင့်ဖွယ်ရှိပြီး ထိုအစီအစဉ်အတွက် ရည်ရွယ်သည့် အစီအမံများကို ထုတ်ပြန်သွားနိုင်ဖွယ်ရှိကြောင်း အဆိုပါဆွေးနွေးမှုများနှင့်နီးစပ်သူများ၏ပြောဆိုမှုကို ကိုးကား၍ South China Morning Postက စက်တင်ဘာလ ၁၇ ရက်တွင်ဖော်ပြထားသည်။ ဆွေးနွေးနေသည့် အစီအမံများအနက် နှစ်နိုင်ငံစစ်ဘက်များကြား ဆက်သွယ်ရေးလမ်းကြောင်းများကို ပိုမိုအသက်ဝင်စေရန်နှင့်လက်ရှိသုံးနေသည့် ဆက်သွယ်ရေးယန္တရားများကို အားကောင်းစေရန် ဆောင်ရွက်ရေးပါဝင်ကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံစစ်ဘက်အရာရှိများကြား အဆင့်အမျိုးမျိုးဖြင့် ဆက်သွယ်ဆွေးနွေးမှုများရှိနေပြီး လွန်ခဲ့သည့်လများအတွင်း…