၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် နေ့လယ် ၁ နာရီခန့်တွင် ဝက်လက်မြို့နယ် ခေါတောကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ PDF အကြမ်းဖက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
လုံခြုံရေးအဖွဲ့များသည် PDF အကြမ်းဖက်များအား ပြန်လည်ပစ်ခတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများမှာ ဒဏ်ရာများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။လုံခြုံရေးအဖွဲ့များက အကြမ်းဖက်သမားများအား လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ–
- PDF အလောင်း——— ၂ လောင်း
- လက်လုပ်သေနတ် ——-၁ လက်
- လက်လုပ်စိန်ပြောင်း —–၃ လက်
- ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
CRD;