မြေအောက်တမံကိုသိသူနည်းသည်။ တမံသည် အတားအဆီးဟုအဓိပ္ပာယ်ရရာ မြေအောက်တမံသည် မြေအောက်အတားအဆီးဖြစ်သည်။ ဘာကိုတားသလဲဆိုရင် ရေကိုတားခြင်းဖြစ်သည်။ ဘာအတွက်တားသလဲဆိုရင် တမံအနီးနေလူများ သောက်ရေသုံးရေရဖို့တားသည်။ သဲချောင်းများတွင် မြေအောက်တမံဆောက်၍ရေအလွယ်တကူရယူနိုင်သည်။ မြန်မာနိုင်ငံမိုးနည်းရေရှားဒေသများတွင် သဲချောင်းများရှိသည်။ မိုးရွာပြီး […]