ယနေ့ ဇန်နဝါရီလ ၂၅ ရက် နေ့လည် ၁၂ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်သို့ အကြမ်းဖက် KNU/PDF များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါပစ်ခတ်မှုတွင် ၄၀ မမ ဗုံးသီးသည် ကျိုက်ထိုမြို့သို ဘုရားဖူးလာသော Light Truck ကားပေါ်သို တည့်တည့်ကျရောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အပြစ်မဲ့ဘုရားဖူးပြည်သူ ၁ ဉီး သေဆုံးပြီး ၇ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်များ၏ ဘာသာတရားမသိ၊ဆွေမျိုးမရှိ လမ်းစဉ်အတိုင်း လုပ်ဆောင်နေသော အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရသည့်ဖြစ်ရပ်များ တိုးတက်များပြားလာနေသည်။
အကြမ်းဖက်သမားများမရှိမှ ပြည်သူများ၏လူမှုဘဝ အေးချမ်းတည်ငြိမ်းပြီး သာယာဝပြောမည်ဖြစ်သဖြင့် လုံခြုံရေးအဖွဲ့များနှင့်ပြည်သူ ပူးပေါင်းပြီး အကြမ်းဖက်သမားများအား တိုက်ထုတ်ရန်လိုအပ်လာကြောင်း အကြံပြုအပ်ပါသည်။
Saw Ba Maung





