၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် မနေ့က နံနက် ၁၁ နာရီခွဲခန့်တွင် ဝန်းသိုမြို့နယ်၊ ပိန္ဒဲကုန်းကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များနှင့် အပြစ်မဲ့ပြည်သူများအား ဒုက္ခမျိုးစုံပေးနေသော PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများမှာ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး PDF အကြမ်းဖက်သမားများထံမှ
- အမ် ၂၂ ကျည် ၁၉၀ တောင့်
- အမ် ၂၂ ကျည်အိမ် ၁ ခု
- ၄၀ မမ ဗုံးသီး ၂ လုံး
- ၆၀ မမ ဗုံးသီး ၁ လုံး
- အီကွေးမန့် ၁ စုံ
- ကျောပိုးအိတ် ၁၁ လုံး
- ယူနီဖောင်း ၃ စုံ တို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။