မစ္စစ် ဂျာဆင်ဒါ အာဒန်က နိုင်ငံကိုဦးဆောင်ဖို့ လုံလောက်တဲ့ အင်အား မရှိတော့ဘူးလို့ ပြောကြားပြီး လာမယ့်လမှာ နယူးဇီလန် ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မယ်လို့ ကြေညာလိုက်တာကြောင့် တစ်နိုင်ငံလုံး တအံ့တသြဖြစ်သွားခဲ့ပါတယ်။
စိန်ခေါ်မှုကြီးမားတဲ့ ခြောက်နှစ်ကြာ ဝန်ကြီးချုပ်ရာထူးကို တာဝန်ယူရာမှာ ဘယ်လို အခက်အခဲတွေ ကြုံရသလဲဆိုတာကို အာဒန်က အသေးစိတ်ပြောပြထားပါတယ်။
