အသက်အာမခံထုတ်ယူဖို့ မေးမြန်းစုံစမ်းနေတဲ့
သူတွေအနေနဲ့ မိမိတို့ရဲ့ အာမခံနှစ်ပြည့်ပြီဆိုပါက
စစ်သည်အနေနဲ့ ကိုယ်ရဲ့ အာမခံကာလပြည့်မြောက်ပြီဖြစ်ကြောင်းကို
သက်ဆိုင်ရာတပ်ရှိ တပ်ရေးဗိုလ်ကြီး/တာဝန်ရှိသူများကိုသတင်းပို့တင်ပြရမည်ဖြစ်ပါတယ်..
သတင်းပို့တင်ပြပြီးပါက လိုအပ်သည့် စာရွက်စာတမ်းများကို အာမခံရုံးချုပ်သို့
တင်ပြဆောင်ရွက်ပေးမှာဖြစ်ပါတယ်…
အာမခံရုံးချုပ်မှ လိုအပ်သည့် အချက်အလက်များတိုက်ဆိုင်စစ်ဆေးပြီး
မှန်ကန်မှုရှိပါက သက်ဆိုင်ရာတပ်များသို့ ပြန်လည်ဆက်သွယ်လာမည်ဖြစ်ပြီး
လွှဲပြောင်းပေးရမည့် ဘဏ်များသို့ ချိတ်ဆက်ပြီး မေးမြန်းမှာဖြစ်ပါတယ်..
ရုံးချုပ်သို့ မြန်နိုင်သမျှအစောဆုံးစာရွက်စာတမ်းများပေးပို့နိုင်ပါက ငွေသားကိုအမြန်ဆုံး
ထုတ်ယူနိုင်မှာလည်းဖြစ်ပါတယ်ရှင်…စာရွက်စာတမ်းများပေးပို့ပြီးပါကလည်း ဘယ်အခြေအနေရောက်ပြီဆိုတာကို
ဆက်သွယ်နိုင်ရင်တော့ ပိုပြီးကောင်းမွန်းနိုင်မည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်…