ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက ထိုင်ဝမ်က နေ စက်ာပူကို ပျံသန်းမည့် Scoot flight TR993 လေယာဥ်သည် မြေပြင်မှတက်ခါစမှာပင် လေယာဥ်ပေါ်တွင် ပါဝါဘဏ်တစ်လုံးပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ပါဝါဘဏ်ပိုင်ရှင်နှင့်ဘေးခုံမှ ခရီးသည် မီးသင့်ပြီး လက်ချောင်းများဒဏ်ရာရခဲ့ပါတယ်။
မီးလောင်မှုကြောင့် လေယာဥ်ကိုပြန်လည်ဆင်းသက်ကာ လေယာဥ်အချိန်ပြောင်းလဲခဲ့ရပြီး ဒဏ်ရာရသူများကို ဆေးကုသမှုပြုလုပ်ခဲ့တယ်လို့ Scoot flight လေကြောင်းလိုင်းက တာဝန်ရှိသူက ပြောပါတယ်။
Power Bank ကအန္တရာယ်ကြီးလွန်းပါတယ်။

