(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေး နေ့တွင်မွေးဖွားခဲ့သည့် ပြည်သူ ၂၆ ဦး နှင့် တပ်မတော်မိသားစုဝင် ၁၄ ဦး၊ စုစုပေါင်း ၄၀ ဦး အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။ ၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြလှ တို့က ကလေးငယ်တစ်ဦးလျှင် ငွေကျပ် ၁ သိန်း နှုန်းဖြင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

