ပုလဲနယ်ကဗိုလ်နဂါးရဲ့MRDAနဲ့ ကိုဇော်ထက်ရဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲဆိုတဲ့ (ပအဖ)အကွဲအပြဲက စလိုက်တဲ့ဇာတ်လမ်းဟာ ပိုကြီးမားလာပြီးအုပ်စုကြီးနှစ်ခု အပြန်အလှန် အပုပ်ချပွဲတွေ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။
ဗိုလ်နဂါးကိုထောက်ပံ့တဲ့အဖွဲနဲ့ NUG ထောက်ပံ့တဲ့အဖွဲ အထိပြဿနာဆက်တက်လာပြီး ဗိုလ်နဂါးအဖွဲကိုအဓိကတိုက်ရိုက်ထောက်ပံ့တဲ့ စင်ကာပူထောက်ပို့နဲ့ NUG အမေရိကန်ထောက်ပိုတို့ အပြန်အလှန် ဒလန်စွပ်စွဲပွဲအရှိန်မြင့်လာပါတယ်။
ဒီကတဆင့် ဒလန်ထက်ဆိုးတဲ့ သူလျိုတွေ NUG ဝန်ကြီးအဖွဲမှာရှိနေပြီဆိုတဲ့ အချက်အလက်တွေနဲ့
ထောက်ပြဝေဖန်မှုတွေမြင့်တက်လာတဲ့အတွက်NUG ကစခဲ့တဲ့သူလျိုဒလန် ရောဂါဟာ ကိုယ့်ရှူးကိုပတ်လာပြီး NUG ဝန်ကြီး အဖွဲထဲအထိ ရိုက်ခတ်လာပြီဖြစ်ပါတယ်။
ဒါတွေက လူသိများတဲ့ ပွဲတွေဖြစ်ပြီး လူသိနည်းတဲ့ ဒီလိုပြဿနာပေါင်းများစွာလည်း ပေါ်ပေါက်နေတဲ့အတွက် NUGဟာ ဘယ်သူကမှ ဖြိုခွဲစရာမလိုဘဲအချင်းချင်းရန်ပွဲတွေနဲ့ ပြိုကွဲရတော့မယ့်လမ်းပေါ်ရောက်နေပြီဖြစ်ပါတယ်။
ငွေကြေးစာရင်းအရှုပ်အထွေးများဖြေရှင်းနိုင်ခြင်းမရှိသလို၊ပင်ကိုယ်အစွမ်းအစမရှိဘဲEAOနယ်တွေကို NUGနယ်လို့ နိုင်ငံရေးအမြတ်ထုတ်ပြောဆိုခြင်း၊အုပ်ချုပ်ထောက်ပံ့ကွပ်ကဲမှုမယူနိုင်ဘဲဒေသ ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေ လုပ်ဆောင်ချက်အပေါ် NUGလုပ်သလို နေရာဝင်ယူခြင်း၊တာဝန်ယူတာဝန်ခံနိုင်မှု မရှိဘဲ ဖြစ်ပေါ်လာတဲ့ပြဿနာတိုင်းကို စုံစမ်းစစ်ဆေးမယ်ဆိုတဲ့စကားနဲ့သာ အချိုသတ်ပြီးတစ်ခုမှလက်တွေ့ ဆုံးဖြတ်ချက်ထွက်မလာတော့ခြင်းများကြောင့် NUG ဦးဆောင်မှုအပေါ်ယုံကြည်မှုကင်းမဲ့မှုများပြားလာပါတယ်။
တစ်နှစ်အတွင်းစစ်အာဏာရှင်အမြစ်ပြတ်အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့ ဝေးလို့ NUG ဆက်လက်ရပ်တည်နိုင်ဖို့တောင် ရုန်းကန်ရတော့မယ့်အခြေအနေဖြစ်နေတဲ့အတွက် ၂၀၂၃ မှာ NUG ဘယ်လိုဖြစ်လာမလဲ ဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။