နောက်ဆုံးရ မနက်ခင်း သတင်းတိုများ

လီဗာပူးလ်အသင်းဟာ ၎င်းတို့ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ပီအက်စ်ဗွီ တိုက်စစ်ကစားသမား ဂတ်ပို ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ တရားဝင်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ ဂတ်ပို ကို လက်လွှတ်ခဲ့ရတဲ့အတွက် ၎င်းဘယ်လောက် စိတ်ပျက်ခဲ့ရကြောင်း အသင်းတာဝန်ရှိသူတွေထံ ပြောဆိုမှုတွေ ပြုလုပ်လိုက်ကြောင်း သိရပါတယ်။

ယနေ့မနက် စထရာဘော့ဂ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီတို့ အသည်းအသန် ရုန်းကန်ခဲ့ရပြီး မာကွင်ဟိုတစ်ယောက် အဖွင့်ဂိုးသွင်းယူခဲ့သလို ပြိုင်ဘက်အတွက်လည်း ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် ဘတ်ပေရဲ့ အချိန်ပို ပင်နယ်တီ သွင်းဂိုးကြောင့် ပီအက်စ်ဂျီတို့ ၂-၁ နဲ့ အနိုင်ရခဲ့ပြီး နေမာကတော့ ပွဲကစားချိန် ၆၂ မိနစ်မှာတင် ထုတ်ပယ်ခံခဲ့ရတာ တွေ့ရပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ ကွင်းလယ်ကစားသမား ဗာရက်တီကို ၂၀၂၆ ခုနှစ်အထိ သက်တမ်း ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဗလာဟိုဗစ်ရဲ့ အသင်းဖော်ဟောင်း ဗယ်လီရိုကတော့ လက်ရှိ ဂျူဗင်တပ်အသင်းမှာ သွားရောက်ကစားနေတဲ့ ဗလာဟိုဗစ်ရဲ့ ခြေစွမ်းတွေကို အားမလိုအားမရ ဖြစ်နေပြီး ယခုထက်ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

အက်သလက်တီကို အသင်းနည်းပြ ဆီမြွန်နီကတော့ ၎င်းတို့ရဲ့ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်ဟာ အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နေဆဲ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကတော့ ပြီးခဲ့တဲ့ ရာသီတွေလောက် ဂိုးမသွင်းနိုင်သေးပေမယ့် ၎င်းရဲ့ ဂိုးပေါက်ပျောက်ဆုံးမှုတွေကို စိုးရိမ်ပူပန်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘင်ဖီကာ အသင်းကတော့ ၎င်းတို့ရဲ့ ကြယ်ပွင့် ကစားသမားလေး အန်ဇို ဖာနန်ဒက်ဇ်ကို တန်ကြေးမြင့် ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ရောင်းချဖို့ ငြင်းဆန်ထားကြောင်း သတင်းရရှိပါတယ်။

Crd;