မော်လိုက်မြို့နယ်၊ ကံထူးကျေးရွာတွင် PDF များက NLD ပါတီဝင်ဟောင်း ၁ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
မနေ့(ဒီဇင်ဘာလ ၁၄ ရက်)က နံနက် ၂ နာရီခန့်တွင် မော်လိုက်မြို့နယ် ကံထူးကျေးရွာတွင် နေထိုင်သော ဦးဗိုလ်သိန်းသည် နေအိမ်တွင်မိသားစုနှင့် အတူရှိနေစဉ် PDF များသည် လက်လုပ်သေနတ်များ ကိုင်ဆောင်ကာ ၎င်း၏ နေအိမ်သိုရောက်ရှိလာခဲ့ပြီး ဦးဗိုလ်သိန်းအားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ ကျေးရွာအတွင်းရှိ အထက(ခွဲ)ကျောင်းရှေ့အရောက်တွင် ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါတယ်။
ဦးဗိုလ်သိန်းသည် ၂၀၁၅ ခုနှစ် NLD တိုင်း ၁ လွှတ်/လှယ်ဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး PDF အများစုမှာလည်း NLD ပါတီမှပေါက်ဖွားလာသူများဖြစ်ရာ အချင်းချင်းစိတ်ဝမ်းကွဲ နေရာလုကြကာ ငါနဲ့မတူငါ့ရန်သူဟု သဘောထားပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

#FiftyTwoNews