အကျင့်ရသွားရင်လွယ်ပါတယ်
အသိဥာဏ်ရှိသူတွေဟာ
မကောင်းတာတွေကို သံဝေဂယူရင်း
ရုန်းထွက်နိုင်ကြသလို
ကောင်းကျိုးတွေကိုမြင်လို့
ဘ၀ကို ကောင်းမှုဘက်မှာလည်း
အသုံးချ မြှုပ်နှံထားတတ်ကြပါတယ် ။
မကောင်းမှုဆိုတာ
သေးသေးဆိုပြီးတော့လည်း
လုံ၀အထင်မသေးပါနဲ့ ။
မကောင်းတာတွေများလာရင်
ကိုယ်ဟာ ပြုပြင်လွတ်မြှောက်ဖို့
ခက်သွားနိုင်ပါတယ် ။
ကောင်းမှုဆိုဟာလည်း
သေးသေးဆိုပြီး အထင်းမသေးပါနဲ့ ။
ကောင်းတာတွေများလာလေလေ
ဘ၀ဟာလည်း တန်ဖိုးရှိလေလေပါပဲ ။
ဒါကြောင့်…..
အလွယ်ရတဲ့ အကုသိုလ်တရားကို
သတိထား ဖယ်ရှားပြီးတော့
ခက်ခဲစွာရတဲ့ ကုသိုလ်တရားကို
အချိန်ပေးပြုနိုင်ကြဖို့ လိုပါတယ် ။
ကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်
မကောင်းတဲ့အလုပ်ပဲဖြစ်ဖြစ်
အကျင့်ရရင် လွယ်သွားကြပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏