ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းတွင် ဆီရမ်ရိမြို့၊ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်နှင့် ဘေရွန်ဘုရားကျောင်းတော်တို့အား သွားရောက်ကြည့်ရှုလေ့လာသည်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှေးဟောင်းသမိုင်းဝင် အန်ကောဝပ်ဘုရားကျောင်းတော်အတွင်း ကျောက်တုံးကြီးများဖြင့်…