ပေါက်မြို့နယ်၊ ကူကားကျေးရွာအုပ်စု၊ ပေါက်ချောင်းအလယ်ကျေးရွာ မှ ဆရာတော်ဦးတေဇိန္ဒ ဝါတော် ၃၇ဝါ၊ သက်တော် ၆၀ ရှိ ဆရာတော်ကြီးအား လည်လှီးသတ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီးအား သေနတ်ဖြင့် ပစ်သတ်ကာ ကျောင်းဆရာမ(၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမှန် ပြန်ကြားရေးအဖွဲက ယနေ့ မွန်းလွဲ (၂ ၀၀)နာရီ ခန့်တွင် ပေါက်ချောင်းအလယ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျောင်းအုပ်ကြီး ဦးဝင်းနိုင်အပါအဝင် ကျောင်းဆရာ၊ ဆရာမ (၁၀)ဦးနှင့် ကျောင်းလုပ်သား (၁)ဦး တိုသည် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များအား စာသင်ကြားပေးနေစဉ် တစ္ဆေကြီး(ခ) အေးငြိမ်းဖြိုး ဦးဆောင်သော PDF အကြမ်းဖက်သမား (၂၀) ဦးခန့် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်လျက် ဆိုင်ကယ်များဖြင့် စာသင်ကျောင်းသို ရောက်ရှိလာပြီး “ဘာလို CDM မလုပ်ဘဲ စာသင်နေတာလဲ”ဟု မေးမြန်းကာ ကျောင်းအုပ်ဆရာကြီးအား သေနတ်ဖြင့် ပစ်သတ်ပြီး ဆရာမ (၄)ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ PDF အကြမ်းဖက်သမားများသည် မွန်းလွဲ ၂ နာရီ ၄၅မိနစ်တွင် ပေါက်ချောင်းအလယ်ကျေးရွာ တေဇိန္ဒရာမကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော် ဦးတေဇိန္ဒ၊ ဝါတော် ၃၇ဝါ၊ သက်တော် ၆၀ အား လူမဆန်စွာ လည်လှီးသတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါတယ်။
ပေါက်မြိုနယ်တွင် PDF အကြမ်းဖက်သမားများက ဆရာတော်နှင့်ကျောင်းအုပ်ဆရာကြီးကို သေနတ်ဖြင့်ပစ်သတ်ပြီး ဆရာမ (၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
