နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် QR Codeများကို ပွဲစားများမှတဆင့် မတန်တဆစျေးဖြင့် ဝယ်ယူခြင်းမပြုလုပ်ရန်ထုတ်ပြန်

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လက်ရှိ Online Booking စနစ်အားရပ်ဆိုင်းကြောင်းနှင့် QR Codeများကို ပွဲစားများမှတဆင့် မတန်တဆစျေးဖြင့်ဝယ်ယူခြင်းမပြုလုပ်ရန် ဒီဇင်ဘာ ၄ ရက် ညပိုင်းက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းအား ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်တွင် စတင်အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုပြင် ရက်ချိန်းရယူလိုသူများ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်ရှင်။