နိုဝင်ဘာလအတွင်းမှာ တပ်မတော်အနေနဲ့ EAOs/PDF တွေဆီက လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိမှုတွေကို ၂ ရက်ခြား ၁ ခါလောက် တွေ့လာရပါတယ်…..
သိသာထင်ရှားတာတွေကတော့…….

(၁) နို ၁၄ ရက်နေ့က လားရှိး၊ မယ်ဟန်ဖြစ်စဉ်က
Type-81 သေနတ်(၆)လက် ။

(၂) နို ၁၄ ရက်နေ့ကပဲ မဘိမ်းမြို့နယ်၊ စီပိန်းရွာဖြစ်စဉ်က
M-22 သေနတ် (၅)လက်၊ M-79 သေနတ် (၁)လက် ။

(၃) နို ၁၆ ရက်နေ့က ရွာငံမြို့နယ်၊ အလယ်ချောင်ဖြစ်စဉ်က
MK-11 သေနတ် (၁၁)လက် ။

(၄) နို ၁၆ ရက်နေ့ မိုးမိတ်မြို့နယ်၊ မိုးလိုရွာဖြစ်စဉ်က Type-81 သေနတ် (၇၈)လက်၊ ကျည် ၁ သိန်းခန့် ။
ဒီဖြစ်စဉ်တွေအရ တစ်ပတ်အတွင်းမှာ ဖမ်းဆီးရမိတာက သေနတ် (၁၀၁) လက်နဲ့ ကျည်ဆန် (၁၀၀၀၀၀) ခန့် ဖြစ်တယ်။
ဒီလက်နက်တွေ ကျည်ဆန်တွေက အလကားရတာမဟုတ်ဘူးဗျ ။
Type-81 သေနတ် ၁ လက်ဆို EAO တွေဆီမှာ ပေါက်ဈေး သိန်း(၁၅၀) ဆိုပေမယ့် လက်နက်ပွဲစားနဲ့ လူလည် pdf တွေ စာရင်း တင်တာက ၁ လက်ကို သိန်း(၂၅၀) ရှိပါတယ်….
သေနတ် ၁၀၁ လက် အတွက်ဆိုတော့ သိန်းပေါင်း (၂၅၂၅၀) သိန်း၊ ကျည်ဆန် ၁ သိန်း တောင့် အတွက်ဆို ၃၀၀၀ နဲ့တွက်ရင် သိန်း (၃၀၀၀) ရှိပါတယ်….
အဲဒီငွေတွေက ဘယ်သူတွေဆုံးရှုးလဲဆိုတော့ NUG က ပြည်တွင်း/ပြည်ပ အကြမ်းဖက်အားပေးတစ်ချို့ထံကနေလိမ်လည်ပြီး တောင်းခံထားတဲ့ ငွေတွေပါပဲ …..
ကံကောင်းသွားတာက အပြစ်မဲ့ပြည်သူတွေပါပဲ… ဒလန်ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ် လုပ်ကြံခံရမယ့် ပြည်သူပေါင်း (၂၀၀၀၀)ကျော်လောက် အသက်ချမ်းသာရာရသွားပါပြီ ….
ဒါကြောင့် ဒီဖြစ်စဉ်တွေဟာ ပြည်သူတွေနဲ့ တပ်မတော်ရဲ့ အောင်ပွဲဖြစ်သလို NUG EAOs PDF တွေ အတွက်ကတော့ ခွက်ခွက်လန်အောင် ရှုးနိမ့်ခြင်းပါပဲ…
အတွင်းသတင်းကိုပေးတဲ့ တောတွင်းရောက် သတင်းပေးတွေရော ဒေသခံပြည်သူတွေရော ကျေးဇူးတင်ဖို့ကောင်းပါတယ်…..
ဂုဏ်ပြုဆုပါ ချီးမြှင့်သင့်ပါတယ်လို့ ပြောချင်ပါတယ်…….