မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၏ ဒသမအကြိမ် အစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးကို ဥက္ကဋ္ဌ ဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဘဝတည်မြဲရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်း ဆိုင်ရာ လိုအပ်ချက် ပူးတွဲလေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်၏ တိုးတက်မှုများကို ဆွေးနွေးခဲ့ပြီး မြေပြင်လုပ်ငန်းများ လျင်မြန်စေရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အကူအညီများ လိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ ကျယ်ပြန့်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် ဆက်လက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။