1. မနက်ဖြန် ခေါင်းလျှော်မယ်ဆို ဒီနေ့ညဘက်မှာ အုန်းဆီများများလူးအိပ်ပါ (သံလွင်ဆီဆို ပိုကောင်းပါတယ် )
မနက်ကြ ခေါင်းလျှော်ချပါ။ ဆံပင်ပျော့ပြောင်းပြီးသန်လာစေပါတယ်
2. ဆံပင် အရှည်မြန်ချင်ရင် အောက်ဖျားလေးတွေ တိပေးပါ
3. မကောင်းတဲ့ဆံပင်တွေ တိချင်တယ်ဆိုရင်ဆံပင်အကုန်လုံးကို ပုခုံးတစ်ဖက်ထဲဘက်ကို သိမ်းယူပါ။ ပြီးရင် ဆံပင်ကို ၂ပတ် ၃ပတ်လိမ်လိုက်ပါ။ လိမ်လိုက်ရင် ထိုးထိုးထောင်ထောင် ထွက်လာတဲ့
ဆံပင်အတိုအထွာအောက်ဖျားလေးတွေကို လိုက်ညှပ်ပါ။
4. မိတ်ကပ် Primer မရှိရင် အလှဆီနဲ့ moisture cream ရောပြီး မျက်နှာကိုလူးပါ။
ပြီးမှ မိတ်ကပ်လူးပါ။
5. ဆံပင်ညှပ်ကလစ် အမဲလေးတွေ အရောင်မှိုင်းလာတာမျိုး သံချေးတက် လာတာမျိုး ဖြစ်လာရင် လက်သည်းနီလေးကို ကလစ်မှာ ဆိုးပြီး ကလစ် အသစ်တစ်ချောင်းအဖြစ် ဖန်တီးနိုင်ပါတယ်
6. ဆံပင်ကို ပိုနီတေး စီးလဲစီးချင်တယ်။ စီးလိုက်ရင် အရှေ့ဆံပင် က ပြားပြီးကပ်နေလို့ မလှဘူး။ မစီးရဲဘူး ဆိုရင် အရှေ့ဆံပင်ကို အပေါ်ကို ထောင်လိုက်ပါ။ ပြီးရင် သွားတိုက်တံနဲ့ အပေါ် က နေ အောက်ကို ဆွဲချပါ
ဆံပင်ပွပွဖောင်းဖောင်းလေး ဖြစ်သွားပါလိမ့်မယ်အာ့ခါမှ ပြန်စည်းပါ။
7. နှာခေါင်းမဖော်တတ်ရင် အလွယ်ဆုံးနည်းက ကပ်ထူ စက္ကူကို အလယ် နှာခေါင်းရိုး အရှည် အချောင်းလေး ဖြတ်ပါ။ ပြီးရင် ဖြတ်ထားတဲ့ ကတ်ထူ စက္ကူချောင်းကို နှာရိုး အလယ်မှာထားပြီး ဘေးကနေ brush နဲ့ အညိုကို ကတ်ထူလိုင်းအတိုင်း ခြယ်ပါ။
8. ဆံပင်ကိုဆေးမသုံးပဲခဏကောက်ချင်တယ်ဆိုရင်ကျစ်ဆံမြီးကျစ်လိုက်ပါ။ ကျစ်ထားတဲ့အပေါ်ကနေ ဖြောင့်စက်နဲ့ ဖိပေးပြီးရင် ဖြည်ချပါ။ hair wax spray ရှိရင် ဖြန်းပါ။ မရှိလဲရပါတယ်။
9. နှုတ်ခမ်းနီဆိုးလို့ ဘေးချော်သွားရင် လက်နဲ့ မဖျက်ပါနဲ့! ပြန့်ပြီး ပိုပေတတ်ပါတယ်။
ဂွမ်းတံလေးနဲ့ ဖျက်ပေးပါmatte type နှုတ်ခမ်းနီဆို ဂွမ်းတံကို ရေ (သို့မဟုတ်) မိတ်ကပ်ဖျက်ဆေး စွတ်ပြီး ဖျက်ပေးပါ။ အဲ့နေရာကိုတော့ ပြီးရင် ပေါင်ဒါပြန်ပုတ်ပါ။ ကွက်နေမှာစိုးလို့ပါ။
10. two way သုံးရတာ ကြိုက်တယ်ဆိုရင် အောက်ခံမိတ်ကပ်ကို cream ပါးပါးပဲလူးပါ။