ပေးတာချင်းတူတယ်စိတ်စေတနာထားတာချင်း မတူဘူး ကိုယ်ပေးလိုက်လို့သူတပါး အဆင်ပြေသွားပါစေဆိုတဲ့စိတ်ထားမျိုးနဲ့ပေးတယ်။ ကိုယ်ပေးလိုက်တာဘယ်လောက်များတယ်သူတို့ထက်သာတယ်ကောင်းကျိုးတွေအများကြီးပြန်ရမှာပဲလို့ မျှော်လင့်ပြီးပေးတယ်။ ပေးတာချင်းတော့တူတယ်။ကိုယ်ပေးလိုက်ရလို့သူတပါး အဆင်ပြေသွားပါစေဆိုတဲ့စိတ်ထားမျိုးနဲ့ပေးတော့သူတပါးလည်း အဆင်ပြေသွားတယ်။ကိုယ်လည်း အေးမြသွားတော့ပူလောင်မှုတွေ မပါတော့ဘူး။ ကိုယ်ပေးလိုက်တာဘယ်လောက်များတယ်သူတို့ထက်သာတယ်ကောင်းကျိုးတွေ အများကြီးပြန်ရလိမ့်မယ်လိုမျှော်လင့်ချက်နဲ့ပေးတော့ကိုယ်ပဲ ပူလောင်ရတာပေါ့။ ဒါ့ကြောင့်-ပေးတာချင်းတူပြီးစိတ်ချမ်းသာအေးမြသွားတဲ့သူကမပေးခင်ကတည်းကဘာကိုမှ […]