ဆိုး၊ ရာသီဥတု တောင်ကိုရီးယားနိုင်ငံမှာ ပြင်းထန်တဲ့အပူလှိုင်းတစ်ခုဖြစ်ပေါ်နေပါတယ်။ အဲဒီအပူလှိုင်းကြောင့် မေလ ၁၅ ရက်မှစပြီးအခုအချိန်အထိ သေဆုံးသူစုစုပေါင်း ၁၉ ဦးအထိရှိလာပြီလို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဖြစ်တဲ့ ဆိုးမြို့မှာ အမြင့်ဆုံးအပူလှိုင်းသတိပေးချက်ကို ဩဂုတ်လ ၄ ရက်မှာ ထုတ်ပြန်ထားရပါတယ်။ ပြီးခဲ့တဲ့ရက်တုန်းက ဆိုးမြို့ရဲ့အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းခရိုင်များကိုသာ အပူချိန်မြင့်တက်မှု သတိပေးချက်ထုတ်ပြန်ခဲ့ရတာပါ။ ဩဂုတ်လ ၄ ရက်မှာတော့ ဆိုးမြို့ကိုပါအလားတူသတိပေးချက် ထုတ်ပြန်လိုက်တာ…