တိတ်ဆိတ်ခြင်းက
ပြဿနာကို နည်းစေပါတယ် ။
စကားဆိုတာ
ပြောပါများရင်အမှားပါတတ်လို့
အကျိုးများမှသာ ပြောစေချင်တယ် ။
အသက်ကြီးလာရင်
တိတ်ဆိတ်စွာနေပြီးတော့
လွတ်လပ်ခြင်းနှင့်အေးချမ်းခြင်းကို
ပိုင်ဆိုင်ထားနိုင်ဖို့ ကြိုးစားပါ ။
စိတ်သွားတိုင်းကိုယ်မပါတော့လို
သတိကိုသာ အဖော်ပြုထားပြီး
အားကိုးရာဖြစ်စေဖို့ နေထိုင်ပါ ။
မဆိုင်တဲ့အရာတွေမှာ
နေရာတကာ ပါနေမယ်ဆိုရင်
သူများရဲ့ ငြိုငြင်မှုကိုလည်းခံရနိုင်လို့
စကားများတာထက်
တရားများအောင်တည်ဆောက်ပါ ။
လောဘကြီးတာထက်
ဒါနကြီးအောင်ကြိုးစားလို့နေပါ ။
ဒေါသကြီးတာထက်
သီလမေတ္တာကြီးဖို့ ဆောင်ရွက်ပါ ။
အတ္တကြီးတာထက်
စာနာမှုတွေကြီးအောင်ကြိုးစားပါ ။
🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏