အပြစ်တွေ ရှိလာတဲ့အခါ
ကိုယ့်အပေါ် ကောင်းခဲ့ဖူးပါလားဆိုတဲ့
စိတ်နဲ့ ခွင့်လွတ်ပေးလိုက်ပါ ။
အမုန်းတွေရှိလာတဲ့အခါ
ကိုယ့်နဲ့ ဆွေမျိုးတွေပါလားဆိုတဲ့
မေတ္တာစိတ်နဲ့ ကျေအေးလိုက်ပါ ။
အထင်သေးစရာကြုံလာတဲအခါ
သဘောထားကြီးကြီးထားမှ
မြင့်မြတ်မယ်ဆိုတဲ့စိတ်နဲ့ပါယ်လိုက်ပါ ။
မနာလိုဖြစ်စရာတွေနဲ့ကြုံတဲ့အခါ
ကိုယ့်မှာအရင် ပူလောင်ရပါလားဆိုတဲ့
စိတ်ကောင်းလေးနဲ့ လွတ်ချလိုက်ပါ ။
ဒေါသဖြစ်စရာ ကြုံလာတဲ့အခါ
အမှားတွေ ပျက်စီးစရာတွေနဲ့
အကျိုးမရှိနိုင်ပါလားဆိုပြီး
ကိုယ့်ရဲ့ဒေါသကို မျိုချလိုက်ပါ ။
စိတ်ညစ်စရာတွေ များလာတဲ့အခါ
ဘုရားဂုဏ်တော်တွေ ပွားပြီးတော့
စိတ်အေးချမ်းမှုကို ရှာယူလိုက်ပါ ။
(သာဂရဝေသီ)
