လောကဓံ မခံနိုင်ခြင်း လူတွေက အဆိုးလောကဓံနဲ့ကြုံရင်“လောကဓံနဲ့ကြုံလို” ဆိုပြီးညည်းကြတယ်။ကောင်းတာလေးနဲ့တွေ့ပြီဆိုရင် မှိန်းနေတာ။လောကဓံမှန်းတောင်မသိဘူး။ပြောလည်းမပြောတော့ဘူး။အောင်မြင်ကြီးပွားနေရင် လောကဓံလိုမထင်ဘူး။အဲဒါလည်း လောကဓံပဲ။အောင်မြင်ကြီးပွားလာရင်စိတ်ဓာတ်တက်ကြွမှုတွေ ၊မာန်မာနတွေဖြစ်လာတယ်။စိတ်ဓာတ်ဟာ တသမတ်တည်းတည်ငြိမ်နေတာမျိုးမဖြစ်ဘူး။ အေး….ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လားလိုထင်တယ်။လုပ်ချင်တာတွေ အကုန်လုပ်တယ်။ကိုယ်ရချင်တာတွေ အကုန်ရပြီးပျော်လိုက်တာ။ဟော စိတ်ဓာတ်တွေတက်ကြွ၊ဘယ်သူ့ကိုမှတောင်လူမထင်ဘူး။ကိုယ်လုပ်ချင်တာ […]