တရားနဲ့ဝေးတဲ့ ပုဂ္ဂိုလ်တွေဆိုရင်တရားလိုပြောလိုက်တာနဲ့ပျင်းစရာကြီးလို အောက်မေ့တယ် ၊မဟုတ်ဘူး ၊တရားဟာ မိမိရဲ့ဘဝပဲ၊ ကိုယ့်ဘဝပဲ။ တရားလို့ပြောလိုက်တာနဲ့အမျိုးသမီးတွေကမယ်သီလရှင်ဝတ်ရမှာလား ၊အမျိုးသားတွေကဘုန်းကြီးဝတ်ရမှာလား ၊ဒီလိုမဟုတ်ပါဘူး၊ မဟုတ်ဘူး၊ မိသားစုနဲ့နေရင်းလည်းတရားဆိုတာရတယ် ၊ကျင့်ဖို့ရာအဓိကဖြစ်တယ်ပေါ့ ၊နှလုံးသွင်းတရားဟာအင်မတန်မှ အရေးကြီးတယ် […]