အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁) ရက်နေ့ နံ နက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)…