နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးတို့အတွက် အထူးစီးပွားရေးဇုန်များရှိ စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၂၂ ခုခွင့်ပြုခဲ့ပြီး လက်ရှိတွင် စီးပွားဖြစ်လည်ပတ်နေသည့် စက်ရုံပေါင်း ၁၀၄ ခုထိ ရှိလာပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား အင်အား ၂၀,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့် ထည့်ဝင်ခဲ့သည့် ကုမ္ပဏီ ၁၄ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုမှှာ အမေရိကန်ဒေါ်လာ သန်း ၉၀ ဒသမ ၇၆၃ အထိတိုးတက်လာခဲ့ပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်း စေရန်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
zawgyi ဖောင့်အသုံးပြုသူများအတွက်
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေစေရးႏွင့္ ျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုရ႐ွိေစေရးတို႔အတြက္ အထူးစီးပြားေရးဇုန္မ်ား႐ွိ စက္႐ုံမ်ား ျပန္လည္လည္ပတ္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ လ်က္႐ွိပါသည္။
သီလဝါအထူးစီးပြားေရးဇုန္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအေနျဖင့္ ၂၀၁၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္မွ ၂၀၂၂ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္အထိ ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံမွ ကုမၸဏီေပါင္း ၁၂၂ ခုခြင့္ျပဳခဲ့ၿပီး လက္႐ွိတြင္ စီးပြားျဖစ္လည္ပတ္ေနသည့္ စက္႐ုံေပါင္း ၁၀၄ ခုထိ ႐ွိလာၿပီျဖစ္ရာ အလုပ္အကိုင္အခြင့္အလမ္းအေနျဖင့္ လုပ္သား အင္အား ၂၀,၀၀၀ ေက်ာ္ကို ဖန္တီးေပးႏိုင္ခဲ့ပါသည္။
၂၀၂၁ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလအထိ သီလဝါအထူးစီးပြားေရးဇုန္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ထပ္မံတိုးျမႇင့္ ထည့္ဝင္ခဲ့သည့္ ကုမၸဏီ ၁၄ ခု႐ွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈမွွာ အေမရိကန္ေဒၚလာ သန္း ၉၀ ဒသမ ၇၆၃ အထိတိုးတက္လာခဲ့ပါသည္။
ထားဝယ္အထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းလုပ္ငန္း ေအာင္ျမင္ျဖစ္ထြန္း ေစရန္လည္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္႐ွိရာ မၾကာမီကာလအတြင္း ျပန္လည္လုပ္ကိုင္လာႏိုင္မည္ျဖစ္ေၾကာင္း သိ႐ွိရပါသည္။