- လက်အုပ်ကိုပင် ကြာငုံသွင် အရင်ချီလိုက်ပါ
- လက်အုပ်ကိုပင် နဖူးပြင် ဦးတင်ချီလိုက်ပါ
- မျက်ခုံးလက်မ ညှို့ဆံစ ထိကြထားကြပါ
- လက်ချ…ဒူးချ…တံတောင်ချ…နဖူးချကာ ရှိခိုပါ၏ဘုရား…။ ။
“လက်အုပ်ချီခြင်း ကန်တော့ခြင်း”
ကန်တော့ခြင်း အဓိပ္ပါယ်ကတော့……..
- ကန်-ဆိုတာ တားတဲ့သဘော/ဆီးတဲ့သဘောကို ဆိုလိုပါတယ်
- တော့-ဆိုတာ ယူတယ်/သိမ်းပိုက်တယ်လို့ ဆိုလိုတာပါ
<<ကန်တော့တယ်ဆိုတာ ကောင်းမြတ်ခြင်းတွေယူဆောင်ပြီး အန္တရာယ်တွေကိုတားဆီးတဲ့သဘောပါ>>
ရဟန်းသံဃာများနဲ့ မိဘဆရာသမားများကို ရှိခိုးကန်တော့တဲ့အခါမှာတော့………
( ၁ ) ယောဂီတဘက်ကို လက်ကန်တော့တင် (((ဘယ်ဘက်ပုခုံးသို့ ပတ်တင်ထားခြင်းကိုဆိုလို)))
( ၂ ) ကြာဖူးငုံပုံသဏ္ဍာန် လက်အုပ်ချီမိုးရှိခိုးရပါတယ်
( ၃ ) ကြီးမြတ်သူရဲ့ ခြေကို လက်နှစ်ဘက်နဲ့ ကိုင်တွယ်ရှိခိုးတာမျိုးလဲ ရပါတယ်
( ၄ ) ချစ်ခင် ကြည်ညို လေးစားသော စိတ်ထားရှိရပါမယ်
( ၅ ) ရိုသေလေးမြတ်သော စိတ်ထားနဲ့ ရှိခိုးရပါမယ်
ထိုင်တဲ့အခါမှာ ယောင်္ကျားလေးဆိုရင် ဆောင့်ကြောင့်ထိုင်ရပြီးမိန်းကလေးဖြစ်က ကျုံ့ကျုံ့လေး ထိုင်ရပါ တယ်.. လက်အုပ်အချမှာ ခပ်ခွဲခွဲလေးထားပြီး လက်နှစ်ဘက်ခွဲထားတဲ့ကြားကို နဖူးချရပါတယ်..
(((ယောင်္ကျားလေးဖြစ်ပါက တံတောင်နဲ့ ဒူးက ထိနေရပါမယ်)))
မိန်းကလေးများကတော့ တံတောင်ဒူးထိဖို့ မလွယ်တဲ့အတွက် မထိလဲရပါတယ်