ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၃၁ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ခဲ့ကြသည်မှာ(၇၈)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်၍ တိုးတက်ခိုင်မြဲသည့်ဆက်ဆံရေးရှိပါကြောင်း၊ အဆွေတော်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း …