
PDF – ဟဲလို အန်တီ
ဒေါ်နီနီ-ဟုတ်ကဲ့ ပြောပါ
PDF- အန်တီရေ လကုန်ပြီ ဆိုတော့
လစဥ်အလှူငွေလေး ထည့်ပေးပါအုံး
ဒေါ်နီနီ- ဒီလတော့ မထည့်ဖြစ်တော့ပါဘူး သားရယ်
PDF – ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့ တော်လှန်ရေးကို အယုံအကြည့်မရှိတော့တာလား? အန်တီ
ဒေါ်နီနီ- အဲ့လိုလည်း မဟုတ်ပါဘူး သားရယ်
PDF – အဲ့လိုပြောပါ အန်တီ ၊ အလှူငွေ မထည့်နိုင်တော့ဘူး ဆိုရင်လည်း အန်တီဆိုင်က ပစ္စည်းလေးတွေ လှူဒါန်းပါ
ဒေါ်နီနီ- အဲ့လိုတော့ မလုပ်ပါနဲ့ သားရယ်
ဒါလေးနဲ့ လုပ်ကိုင်စားနေရတာပါ၊ အခု တကယ်ခက်ခဲနေလိုပါ ၊ အန်တီအရင်ကတည်းက ဆန္ဒပြတွေက အစ ယခုချိန်ထိ ထောက်ပံ့ခဲ့တာ သားတို့ အသိပါ
PDF- ဟာ မရတော့ဘူး အန်တီ တော်လှန်ရေးအတွက် ပါဝင်ပြီးရင် နောက်မဆုတ်ရဘူး၊ နောက်ဆုတ်ရင် အန်တီလည်း ဒလန်ပဲ
ဒေါ်နီနီ- အဲ့လိုတော့ မပြောပါနဲ့ သားရယ်
……………………..
၁၂ ရက်နေ့ နေ့လည် ၁ နာရီမှာတော့
ရေစကြို၊ ၃ ရပ်ကွက်၊ ပွဲစားတန်းရပ်၊ ကမ်းနားလမ်း၊ နေဝန်နီ ကုန်စုံဆိုင်က
ဒေါ်နီနီ ၅၈ နှစ်ဟာ PDF တို၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်
လူသတ်ဓါးပြတိုက်နေတဲ့ တော်လှန်ရေးရဲ့
ရှေ့ရေးက မဝေးတော့ပြီ…..ကျရှုံးဖို့
