စက်တင်ဘာလ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဘုရားကြီးရပ်ကွက်၊
ဗိုလ်ချုပ်လမ်း၊ မြို့လယ်မီးပွိုင့်အနီးရှိ “သိန်းတရာ” ရွှေဆိုင်သို့ PDF ၄ ဦးမှ
လက်နက်များကိုင်ဆောင်ကာ CRV ယာဉ် ၁ စီးဖြင့် ရောက်လာပြီး
ရွှေထည်ပစ္စည်းများ သိမ်းဆည်းထားသည့် အခန်းအား ဖွင့်ခိုင်းကာ
လက်ကောက်မျိုးစုံနှင့် ရွှေဆွဲကြိုးမျိုးစုံ(အရေအတွက် စိစစ်ဆဲ)၊ စုစုပေါင်း ၁၀ ပိဿာခန့်
(ကာလတန်ဖိုးကျပ် ၂.၉ ဘီလီယံခန့်)အားယူဆောင်၍
အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရပါတယ်။
မုံရွာမြို့ “သိန်းတရာ” ရွှေဆိုင်အား PDF များမှဓားပြတိုက်
