ပုသိမ်မြို့တွင်းရှိစျေးများ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ပြသခြင်းကို မတ် ၁၂ ရက်က ကျင်းပခဲ့ ကြောင်း ပုသိမ်မီးသတ်တပ်ဖွဲမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲရုံးတွင်ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့်ပူးပေါင်းကာ မီးဘေးကြိုတင်ကာကွယ်ရေး အစီအစဉ်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ရုံးတွင် ဈေးများမီးဘေးလုံခြုံရေး…