တောင်ခမ်းမှာရှိတဲ့ မိမိတို့ တပ်စခန်းများကို
လာတိုက်တဲ့ အကြမ်းဖက်များဟာ
ယခင်ရက်တွေကလို ဝင်ရောက်လုံးထွေး
မတိုက်နိုင်တော့ပါဘူး။ အကြိမ်ကြိမ်ဝင်လုံး
တိုက်ခိုက်ပေမယ့် မိမိစစ်သည်တွေရဲ့
ရဲဝံ့ပြောင်မြောက်စွာ တန်ပြန်ချေမှုန်းနိုင်မှုကြောင့် အထိနာပြီး တပ်ပျက်သွားကြပါပြီ။
အကြမ်းဖက်အဖွဲတွေနဲ့ အကြမ်းဖက်အားပေး
မီဒီညာတွေက တောင်ခမ်းကို သိမ်းနိုင်တယ်ဆိုပြီး
အကြိမ်ကြိမ်အလီလီ တင်နေပေမယ့်
တကယ့်လက်တွေ့မြေပြင်မှာတော့
တောင်ခမ်းရှိ မိမိတပ်စခန်းများအနားကိုပင်
မကပ်နိုင်တဲ့အပြင် အကျအဆုံးများနေတဲ့အတွက်
အချို့သော TNLA အဖွဲ့နဲ့ PDF အဖွဲ့တွေဟာ
နောင်ချိုဘက်ထဲကိုပင် ပြန်လည်ဆုတ်ခွာထွက်ပြေးကုန်ကြပါပြီ။
တောင်ခမ်းကို အပိုင်ပဲဆိုပြီး လာတိုက်တဲ့
အကြမ်းဖက် အဖွဲ့တွေဟာ မစခ ၉၀၂ မှ
ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေရယ် ၊
ဘယ်ကမှန်း မသိဘဲ ကျကျလာတဲ့
လက်နက်ကြီး ကျည်တွေကြောင့် တော်တော်လေးဖွဲ့စည်းပုံပျက်သွားကြပါတယ်။
တပ်မတော်ရဲ့ လက်နက်ကြီးပစ်ကူတွေက
ထိရောက်မှု ကောင်းသလို မြေပြင်အကဲကြည့်
တွေကလည်း ပြင်ချက်/မြင်ချက်တွေ
ကောင်းကောင်းပေးနိုင်တဲ့အတွက် ထိရောက်မှု တော်တော်ရှိပါတယ်။
ယခုဖြစ်နေတဲ့ တောင်ခမ်းတိုက်ပွဲဟာ
မိမိတို့ တပ်မတော်အတွက် အောင်ပွဲလို့
ပြောရမယ်။ ယခုထက်ပိုမိုပြီး
စစ်ကူစစ်ကြောင်း အရန်စစ်ကြောင်းတွေနဲ့
အင်အားဖြည့်တင်းကာ ရန်သူကို နောက်ကနေ
ထပ်ချပ်လိုက်ရှင်းနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး အောင်မြင်မှုတွေရမှာပါ။
ဒါကြောင့် ကျွန်တော်တို့ တပ်မတော်အနေဖြင့်
စစ်အင်အားကိုယခုထက်တိုးပြီး ရန်သူကို
ထပ်ချပ်ချေမှုန်းမယ်ဆို နောင်ချိုဘက်ထိပါ
အောင်မြေချဲ့ သိမ်းနိုင်မယ်ဆိုတာ သေချာပါတယ်။
Crd.