တောင်ခမ်းနယ်မြေရှိ တပ်ရင်းဌာနချုပ်များရဲ့ ဝန်းကျင်ကို စစ်ကူများ အင်အား ထပ်မံဖြည့်တင်းထားတဲ့ တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာထွက်ပြေးနေတဲ့ TNLA အဖွဲ့များကို လိုက်လံရှင်း လင်းတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်..
မနေ့က (စက် ၉ ရက်) နေ့ နေ့လည် ၁ နာရီခွဲခန့်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၁၃၀ ဦးခန့်နှင့် ၁ နာရီခန့်ကြာ တိုက်ပွဲပြင်းပြင်းထန်ဖြစ်ပွားခဲ့ရာ မိမိဘက်မှ လေကြောင်းပစ်ကူဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။
မိမိဘက်မှ ထိရောက်တဲ့ လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများကြောင့် TNLA ၊ PDF အကြမ်းဖက်သမားများဟာ အလောင်းများ သယ်ယူဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာကို အသေးစိတ်ရှင်းလင်းခဲ့ရာ-
TNLA ဝတ်စုံဝတ် ၂ လောင်း
သေနတ် ၁ လက်
ကျည်အိမ် ၄ ခု သိမ်းဆည်းရမိခဲ့ပါတယ်။