စစ်ချပ်ဝတ်တန်ဆာများစတင်ထုတ်ပေး

ဧပြီလ ၁ ရက်နေ့က စခတ-၇ မှာ volunteer first Intake ကိုတက်ရောက်ကြတော့မယ့် ပြည်သူ့သားကောင်းများကို စစ်ချပ်ဝတ်တန်ဆာများ စတင်ထုတ်ပေးနေတဲ့ပုံရိပ်များနဲ့ စစ်ချပ်ဝတ်တန်ဆာတွေကို ပျော်ရွှင်စွာနဲ့ တပ်ဆင်နေကြတဲ့ပြည်သူ့သားကောင်းများရဲ့ပုံရိပ်တွေကတော့..။

ပြည်သူ့သားကောင်းများအတွက် စစ်ဝတ်စုံများထုတ်ပေး

တတက (၆) သို့ ရောက်ရှိသတင်းပို့သည့် မျိုးချစ်လူငယ် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား စစ်ဝတ်စုံများထုတ်ပေးနေမှုမှတ်တမ်းဓာတ်ပုံများပဲဖြစ်ပါတယ်။

စခတ ၈ ရဲ့ ရွှေဘိုသားများအား ဂုဏ်ပြုကြိုဆိုပွဲ

ဧပြီလ ၁ ရက်နေ့မှာ စခတ(၈) ရွှေဘိုသို့ ပြည်သူ့စစ်မှုထမ်းတာ၀န်ထမ်းဆောင်ရန်လာသည့် ပြည်သူ့သားကောင်းများအားတာဝန်ရှိသူများမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

စစ်မှုထမ်းရမှာမို့ စိတ်ညစ်နေတယ်လို့ဘယ်သူပြောလဲ

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများတွင် မြန်မာပြည်ကလူငယ်များအနေဖြင့် စစ်မှုထမ်းဆောင်နေရမှာကို စိတ်ညစ်နေတယ်လို့ သတင်းမှားများဖြင့် ဖြန့်ဝေလျက်ရှိပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အောင်မြင်ဖြစ်ထွန်းမှာကို စိုးရိမ်ကြောင့်ကြနေသည့် အကြမ်းဖက်အဖွဲ့များနှင့် ဒေါ်လာစား မီဒီယာများကတော့ လူငယ်များကိုသွေးထိုးလှုံဆော်ကာ ဖျက်လို့ဖျက်ဆီးဆောင်ရွက်နေကြပါတယ်။ […]

ဟိုပုံးသားတွေလည်း ဆေးစစ်ကြပြီ

တကန (ဟိုပုံး)တွင် သင်တန်းတက်ရန်ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သင်တန်းဝင်ဆေးစစ်နေတဲ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်နော်.။

တကနဟိုပုံးရဲ့ နိုင်ငံသားကောင်းများအား ဂုဏ်ပြုကြိုဆိုပွဲ

မတ်လ ၃၁ ရက်နေ့  တကန(ဟိုပုံး)ကျောင်းသို့ ရောက်ရှိလာသည့် မျိုးချစ်လူငယ်ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တာဝန်ရှိသူများမှ နွေးထွေးစွာကြိုဆိုကြပြီး ညစာများစနစ်တကျပြင်ဆင် ကျွေးမွေးကာ ဂုဏ်ပြုကြိုဆိုခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်.။

မျိုးချစ်လူငယ်များ သင်တန်းဝင်ဆေးစစ်ပြီ

တတက(၁) တွင် သင်တန်းတက်ရန်ရောက်ရှိနေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သင်တန်းဝင်ဆေးစစ်နေမှု မှတ်တမ်းဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်နော်.။ မျိုးချစ်လူငယ်များအနေနဲ့ ဘယ်လောက်ပဲသင်တန်းတက်ချင်ပါစေအုံး ဆေးအောင်တဲ့သူမှသာ သင်တန်းတက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်နော်.။

စစ်သားဖြစ်ချင်ရင် ဆံပင်လေးတော့ရင်းရမှာပေါ့တဲ့..

စစ်သားဖြစ်ချင်ရင် ဆံပင်လေးတော့ရင်းရမှာပေါ့ တိုင်းပြည်အတွက်အသက်ပေးမယ်လိုရည်မှန်းပြီး ပြည်သူ့စစ်မှုထမ်းအဖြစ်စာရင်းသွင်းပြီးပြီးပဲ ဆံပင်အတိုဖြစ်သွားတာ‌စာမဖွဲ့ပါဘူးဗျာ……..”တတက(၁) မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသားတစ်ဦးရဲ့စကားသံဖြစ်ပါတယ်.။ ကဲ ဗိုလ်ကေလေးတွေကို ဘယ်လိုညှပ်ပေးနေတာလဲဆိုတာ အောက်မှာသာကြည့်လိုက်တော့နော်.။ မျိုးချစ်လူငယ်လေးတွေ အခုလိုမျိုးတွေပြောလေ ဟိုဘက်ရပ်ကွက်ကဟာတွေကတော့ နားထဲသံရည်ပူလောင်းခံရသလိုခံစားနေရသလို […]

မျိုးချစ်လူငယ်များကို စစ်ပစ္စည်းများထုတ်ပေး

မတ်လ ၃၁ ရက်နေ့မှာ အမှတ်(၁)စစ်အခြေခံ လေ့ကျင့်ရေးတပ်ရှိ မျိုးချစ်လူငယ် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား စစ်ဝတ်စုံများစတင်ထုတ်ပေးခဲ့တဲ့ ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်.။ သင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းတွေကို အခမဲ့ထုတ်ပေးနေတာပဲဖြစ်ပါတယ်.။