ကိုယ်တိုင်နားဆင်ရန်အတွက်ပါဆိုပြီး ချစ်စနိုးစု သီဆိုထားတဲ့ “မရတော့ဘူး” သီချင်းလေးအား သီချင်းတောင်းဆိုခြင်း အစီအစဉ်မှာ ပါတင်တောင်းဆိုထားလို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်…
Category: သီချင်းတောင်းဆိုခြင်းများ
ကိုဟန်လင်း တောင်းဆိုထားတဲ့ မျိုးကြီးရဲ့ ဒီကစောင့်နေသူ သီချင်းလေးအား တင်ဆက်ပေးလိုက်ပါတယ်ရှင်
အဝေးက သူမသိစေဖို့ ဆိုပြီး သီချင်းတောင်း အစီအစဉ်မှာ ပါဝင်တောင်းဆိုထားပါတယ်ရှင်..
မခင်ဖုန်းစု တောင်းဆိုထားတဲ့ “အလွမ်းဒိုင်ယာရီ” သီချင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်ရှင်
နေပြည်တော်မှာရှိတဲ့ ချစ်ရတဲ့သူနဲ့အတူနားဆင်ချင်လို့ပါဆိုပြီး စာလွှာလေးနဲ့အတူ တောင်းဆိုထားပါတယ်ရှင်..စာလွှာလေးထဲမှာတော့ ဘယ်လိုအခက်အခဲတွေပဲရှိရှိ အတူတူရင်ဆိုင်ကျော်ဖြတ်သွားကြမယ်… ပျော်ရွင်စွာနေထိုင်သွားကြမယ်ချစ်သောရေတဲ့…. သီချင်းလေးကို အခုပဲတင်ဆက်ပေးလိုက်ပါပြီနော်…
မမေယုမော်အောင်မှ ချစ်ရတဲ့ကိုကိုအတွက် တောင်းဆိုထားတဲ့ “တောင်ပံပါရင်မင်းဆီကို” သီချင်းလေးပါရှင်
ချစ်ရတဲ့ သက်ဆိုင်သူလေး နားဆင်ရန်အတွက်ပါဆိုပြီး သီချင်းတောင်းဆိုချင်း အစီအစဉ်မှာ ပါဝင်တောင်းဆိုထားလို့ ကျွန်မတို့ ရဲဝံ့စွန့်စားပြည်ချစ်သားများမှ တင်ဆက်ပေးလိုက်ပါတယ်ရှင်..
ကိုအောင်ခိုင်ဖြိုး တောင်းဆိုထားတဲ့ သီချင်းလေးပါ
ကြိုက်လွန်းလို့ ကိုယ်တိုင် နားဆင်ရန်အတွက်ဆိုပြီးပါဝင်တောင်းဆိုထားပါတယ်ရှင် “မင်းမရှိတဲ့ ဒီနှစ်ဆောင်းက ပိုလို့ချမ်းသလို ခံစားရတယ်လို့လည်း” သတင်းစကားပေးပို့ထားပါတယ်ရှင်…
ကိုမျိုးနိုင်အောင်မှ ဆရာမကြီးဒေါ်နန်းခင်မေမြင့် အတွက်အမှတ်တရတောင်းဆိုထားတဲ့ စိုင်းဆိုင်မော့ဝ်ရဲ့မောင့်မလွမ်းပိုသီချင်းလေး အားတင်ဆက်ပေးလိုက်ပါတယ်ရှင်
ရှမ်းမြောက်သိန်းနီမှဆရာမကြီးဒေါ်နန်းခင်မေမြင့်အတွက် ကိုမျိုးနိုင်အောင်မှ စိုင်းဆိုင်မော့ဝ်ရဲ့ သီချင်လေးကို ပါဝင်တောင်းဆိုထားတဲ့ အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်…
တောင်းဆိုထားတဲ့ Team 143 ရဲ့ မတ်မတ်သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်
ရန်ကုန်မှာနေတဲ့ မာနကြီးတဲ့မမခိုင်အတွက် ပါဆိုပြီး Team 143 ရဲ့ မတ်မတ်သီချင်းလေးကို ပါဝင်တောင်းဆိုထားပါတယ်ရှင်.. ” PCT news ကအဖွဲ့သားတွေ ကျန်းမာချမ်းသာကြပြီး ပျော်ရွှင်ကြပါစေ ဆက်လက်အားပေးနေတယ်နော်.”.လို့လည်းဆုတောင်းစကားလေးပေးပို့ထားပါတယ်ရှင်..
သီချင်းတောင်းအစီအစဉ်မှာ ပါဝင်တောင်းဆိုထားတဲ့ “သောကတောင်တန်း” သီချင်းလေးပါ
ချစ်ရတဲ့သူနားဆင်ဖို့အတွက်ဆိုပြီး L- လွန်းဝါ သီဆိုထားတဲ့ သောကတောင်တန်း သီချင်းလေးကို ပါဝင်တောင်းဆိုထားလို့ တင်ဆက်ပေးလိုက်ပါတယ်ရှင်… PCT NEWS ပရိတ်သတ်များလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်။
မက်ဆေ့ဘောက်စ်မှ လာရောက်တောင်းဆိုထားတဲ့ စိုင်းထီးဆိုင် သီချင်းလေးပါ
သီချင်းလေးကို ကြိုက်လွန်းလို့ ကိုယ်တိုင်နားဆင်ရန်အတွက်ပါဆိုပြီး ပါဝင်တောင်းဆိုထားတဲ့ စိုင်းထီးဆိုင်ရဲ့ စိတ်ညို့ရှင် သီချင်းလေးအား တင်ဆက်ပေးလိုက်ပါတယ်ရှင်။
