ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ဩဂုတ်လ ၁၀ ရက်က ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ အနည်းဆုံးလူ ၇၇ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူများစွာရှိနေပြီး ဒဏ်ရာရသူများစွာလည်းရှိနေပါတယ်။ ငလျင်ဗဟိုချက်က ဘိုဂိုတာမြို့အနောက်ဘက် မိုင် ၂၅၀ ခန့်အကွာ ချိုကိုဒေသရှိ လူဦးရေ ၄၈၀၀ ခန့်နေထိုင်ရာ ဆန်ဟိုဆေးဒယ်ပါမားရပ်ကွက်ရဲ့…