နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟနွိင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ်သည် ဟနွိင်းမြို့ ၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာလ ၂၇ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိကြခဲ့ကြသည်။

ထိုသို့ရောက်ရှိစဉ် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုယင် ထိ ဟွန်ဗန် ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝေလင်း နှင့် ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ)ဗိုလ်မှူးချုပ် ဇော်မင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *