မဲစာရင်းပြုစုနိုင်ရန် လူဦးရေစာရင်းများပြုစုရာတွင် မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူ ဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ မှန်ကန်ရန်လိုအပ်

မဲစာရင်း ပြုစုနိုင်ရန် လူဦးရေစာရင်းများပြုစုရာတွင်  မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များမှန်ကန်ရန်လိုအပ်ကြောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး   မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်  ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က  လာမည့် ၂၀၂၇  ခုနှစ်  ဧပြီလ ၄  ရက်တွင် မြို့နယ်   ၅၀  ၌  ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းကိုထုတ်ပြန်ခဲ့ကြောင်း၊ ယင်းမြို့နယ် ၅၀ အနက် ရန်ကုန် တိုင်းဒေသကြီးအတွင်း မြို့နယ် (၆) မြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက်  မဲဆန္ဒရှင်ပြုစုရာတွင် အခြေခံအသုံးပြုမည့် အတည်ပြုလူဦးရေစာရင်းအား  မိမိတို့မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်က သတ်မှတ်ကာလအတွင်း   အချိန်မီပြုစုပေး ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း   ပြောကြားခဲ့ သည်။

ထို့အတူ    ရန်ကုန်တိုင်းဒေသ ကြီး    မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော် မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးအောင်နိုင်သူက တိုင်းဒေသ ကြီးအတွင်း    မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထား ရှိမှု၊     ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် (၆) မြို့နယ်၏ အတည်ပြုလူဦးရေစာရင်းမှန်ကန် ရေးဆောင်ရွက်နေမှု၊  ဗဟိုကော် မတီ၏ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ရက်အရောက်     ပေးပို့ သွားမည့်အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့်     လုပ်ငန်းအခြေ အနေကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တာဝန်ရှိသူများ က ကြားဖြတ်ရွေးကောက်ပွဲကျင်းပ မည့်   မြို့နယ်များ၏   အတည်ပြု လူဦးရေစာရင်းမှန်ကန်ရေးအတွက် ကော်မတီအဆင့်ဆင့်က   ဆောင် ရွက်လျက်ရှိသည့်လုပ်ငန်းများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး မှုများအပေါ် ပြည်ထောင်စုဝန်ကြီး က  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီးနှင့်အတူ   လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန    သန်လျင်မြို့နယ် ဦးစီးမှူးရုံးအဝင်၌ ဧည့်ကြိုကောင် တာထားရှိဆောင်ရွက်မှု၊ မြို့နယ် ရုံးအတွင်း ဝန်ထမ်းများနှင့် မြို့နယ် အဆင့် (၅)ဦး ကော်မတီတို့က ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ် ထုတ်‌ပေးခြင်းလုပ်ငန်းနှင့်  e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်မှုလုပ်ငန်းများကို   လမင်းစီမံ ချက်ဖြင့်   ဥပဒေနှင့်အညီ   စိစစ် ဆောင်ရွက်နေမှု၊       မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း   ကိုယ်ရေး မှတ်တမ်းများ စနစ်တကျထိန်းသိမ်း ထားရှိမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့် UID တို့ကို  သက်ဆိုင်ရာ ကျောင်းသား၊  ကျောင်းသူတစ်ဦး ချင်းထံပေးအပ်ကြပြီး  မြို့နယ်ရုံး ဝန်ထမ်းများအတွက်  ထောက်ပံ့ ငွေနှင့်     စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *