ဒူတာတေးကို နိုဝင်ဘာ ၃၀ ရက်တွင် ICC တရားရုံး၌ စတင်စစ်ဆေးမည်

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် ၎င်း၏သမ္မတသက်တမ်းအပါအဝင် နှစ်ရှည်ကြာဆင်နွှခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးအတွင်း လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရပြီး နိုဝင်ဘာ ၃၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၌ စတင် တရားရင်ဆိုင်ရမည်ဖြစ်သည်။
အသက် ၈၁ နှစ်အရွယ် ဒူတာတေးသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း လူသတ်မှု ၈၅ မှုနှင့် လူသတ်ရန်ကြိုးပမ်းမှု နှစ်မှုတိုနှင့် ဆက်စပ်သည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရပြီး ဒါဗာအိုမြိုတော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလနှင့် သမ္မတဖြစ်လာပြီးနောက်ပိုင်း အစောပိုင်းနှစ်များအတွင်းက ဖြစ်ရပ်များ အကျုံးဝင်သည်။
မူးယစ်ဆေးဝါးသုံးသူများနှင့် ရောင်းဝယ်သူများကို ပစ်မှတ်ထားသည့် ရှင်းလင်းမှုများကြောင့် သေဆုံးသူ ၃၀,၀၀၀ အထိ ရှိနိုင်ပြီး ယခုတရားစွဲဆိုထားသည့် သေဆုံးမှုများက ထိုအရေအတွက်ထဲမှ နမူနာအချိုသာဖြစ်ကြောင်း ICC ရှေ့နေများက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *