ရေချိုးတဲ့အခါရေကိုခွက်နဲ့ခပ်ပြီးလောင်းချိုးရင်ဖြစ်ဖြစ်၊ရေပန်းနဲ့ပဲ ချိုးချိုး အရင်ဆုံးရေထိတွေ့ပေးသင့်တဲ့ အစိတ်အပိုင်းကခြေထောက်ပါ။ခြေထောက်ကိုရေစထိတာက ကျန်းမာရေးအတွက် ထိခိုက်စရာမရှိတော့ပါဘူး။ အချို့ကရေချိုးတဲ့အခါ မျက်နှာကို အရင်သစ်တာမျိုးရှိသလိုရေပန်းဖွင့်ချရင်းခေါင်းကို အရင်ဆုံးရေစွတ်လိုက်တာမျိုးရှိတတ်ပါတယ်။ရေချိုးတဲ့အခါခေါင်းကိုအရင်ဆုံးရေထိတာက အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များတဲ့လုပ်ရပ်ပါနော်။
ရေချိုးတဲ့အခါ အရင်ဆုံးခြေဖျားကိုရေလောင်းပါ။ပြီးရင်ခြေမျက်စိအထက်ပိုင်းကနေလောင်းပါ။ပြီးမှာခြေသလုံး၊ ဒူးတို့ကိုလောင်းချပါ။ပြီးရင် ခါးကနေရေလောင်းချပါ။ ဒီလိုကနေတဆင့်ချင်းတက်သွားပါ။ပြောချင်တာကတော့ရေချိုးတဲ့အခါ ခန္ဓါကိုယ်အောက်ပိုင်းကနေစဖို့ပါ။ တကယ်တော့ ဒီလိုလုပ်ဖို့ဆိုတာ အချိန်တစ် မိနစ်လောက်ပဲပေးရတာပါ။ ဒီအချိန် တစ်မိနစ်လေးကပဲ သင့်ကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်ကို စိတ်အထင်နဲ့ပြောနေတယ်လို့များထင်နေလား။ စာဖတ်ပရိသတ်ကြီး တကယ်တော့ ဒီအချက်က သိပ္ပံနည်းကျကျလေ့လာဆန်းစစ်ထားတာပါ။
နေရာတိုင်းမှာ လျှပ်စစ်သံလိုက်လှိုင်းတွေရှိနေပါတယ်။ ခန္ဓါကိုယ်မှာလည်း ဒီလိုပါပဲ သံလိုက်လှိုင်းရှိနေပါတယ်။ ခန္ဓါကိုယ်အနှံ့မှာသွေးတွေက အဆက်မပြတ်စီးဆင်းနေတာကြောင့် ခန္ဓါကိုယ်မှာ သံလိုက်လှိုင်းတွေရှိနေတာပါ။သွေးတွေက ခန္ဓါကိုယ်အထက်ပိုင်းကနေအောက်ပိုင်းကိုစီးဆင်းမှ ကျန်းမာမှာပါ။ ဦးနှောက်ထဲကသွေးကြောလေးတွေက အရမ်းသေးငယ်ပြီးသွေးတွေကလည်း အဆက်မပြတ်စီးဆင်းနေတာပါ။
တကယ်လို့များရေချိုးတဲ့အခါခေါင်းပေါ်ကနေရေတွေအများကြီးလောင်းချိုးချလိုက်မယ်ဆိုရင် ဒီသွေးကြောလေးတွေပါ်ကို တိုက်ရိုက်သက်ရောက်မှုတွေဖြစ်ပေါ်ပြီးသွေးခဲသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရေရှည်လုပ်လာတဲ့အခါ ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုတဖြည်းဖြည်းနှေးလာပြီးနောက်ဆုံ းမှာ ဦးနှောက်ထိခိုက်တာနဲ့ လေဖြတ်တာမျိုးတွေအထိဖြစ်လာရတာပါ။
အခြေအနေကပိုပြင်းထန်လာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်လျော့ကျသွားတာကို တုံ့ပြန်ဖို့အတွက် နှလုံးကမြန်မြန်အလုပ်လုပ်ရပါတော့တယ်။ ဒီလိုမျိုးနှလုံးခုန်နှုန်းမြန်လာတဲ့အခါ ရုတ်တရက်ဆိုသလိုလေဖြတ်တာနဲ့ ရုတ်တရက်နှလုံးရပ်သွားတာမျိုးတွေခံစားရနိုင်သလို အခြားသောကျန်းမာရေးထိခိုက်မှုတွေကို ပါခံစားရနိုင်ပါတယ်။
ဒါ့အပြင် ရေချိုးတဲ့ရေဟာ အရမ်းပူရင် အသားအရေကို ခြောက်သွေ့စေနိုင်တယ်။ အရမ်းအေးနေပြန်ရင်လည်း ဆပ်ပြာ အမြှပ်မထွက်ဘူး။ ဒါဆိုရင် ရေချိုးဖို့ အသင့်တော်ဆုံး ရေအပူချိန်ကဘာလဲပေါ့နော်။ လေ့လာချက်တွေအရတော့ ၁၀၂ ဒီဂရီ ဖာရင်ဟိုက် ဝန်းကျင်ပါတဲ့။ ဒါပေမဲ့ ရေချိုးတဲ့ရေကို သာမိုမီတာနဲ့ တိုင်းပြီး ချိုးဖို့ဆိုတာ လက်တွေ့မဆန်ဘူးပေါ့။ ဒါကြောင့် ကိုယ့် အရေပြားက ရေအပူချိန်ကို ဘယ်လို တုန့်ပြန်လဲဆိုတာကိုပဲ ကြည့်သင့်ပါတယ်။ ရေအရမ်းပူရင် အသားတွေ နီလာမယ်။ အရမ်းအေးရင်လည်း ကြက်သီးမွှေးညှင်းတွေထလာမယ်။ အရမ်းအေး၊ အရမ်းပူတဲ့ ရေအပူချိန်တွေမှာ ရေချိုးရင် အသားအရေရဲ့ သဘာဝအဆီတွေ ပျက်စီးသွားပြီး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ရေချိုးဖို့အတွက် အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးအပူချိန်ပါပဲ။
ရေနွေးနွေး ရေပန်းအောက်မှာ အကြာကြီး ရပ်နေရတာ ကောင်းတဲ့ ခံစားချက်တစ်ခုဖြစ်ပေမယ့် မလိုအပ်ဘဲ ရေကို ဖြုန်းတီးနေရာရောက်ပါတယ်။ သာမန်လူ တစ်ယောက်အတွက် တစ်ကိုယ်လုံး သန့်စင်ဖို့အတွက် ၅ မိနစ်ကနေ ၁၀ မိနစ်ပဲ လိုအပ်ပါတယ်။ ရေစေးလား၊ ရေသွက်လား၊ ရေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်း ပါဝင်မှု ပမာဏအပေါ် အခြေခံပြီးတော့ ရေချိုးချိန်ကြာရင် ကြာသလောက် အသားခြောက်တာ၊ အသားကွဲတာ၊ အသားမှာ အကွက်တွေပေါ်လာတာ စတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
မနက်ပိုင်း ရေချိုးတာဟာ နေ့တစ်နေ့ မစခင်မှာ လန်းဆန်းသွားစေတဲ့အတွက် ကောင်းပေမယ့် လေ့လာချက်တွေအရတော့ ညနေပိုင်း အိပ်ခါနီးမှာ ရေချိုးတာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်တဲ့။ တစ်နေ့တာလုံး ခန္ဓာကိုယ်မှာ ကပ်လာတဲ့ ဖုန်၊ ချေး၊ အညစ်အကြေးတွေကို အိပ်ခါနီးမှာ ဆေးကြောလိုက်တဲ့အခါ ကိုယ့်အိပ်ရာခင်းပါ မညစ်ပတ်တော့ဘူးပေါ့နော်။
တစ်နေ့ကို တစ်ကြိမ် ရေချိုးတာ လုံလောက်ပါတယ်။ တချို့ အရမ်းအေးတဲ့ နိုင်ငံတွေမှာ ဆောင်းရာသီရောက်ရင် ချွေးလည်း မထွက်တဲ့အတွက် တစ်နေ့တစ်ကြိမ်တောင် ချိုးဖို့ မလိုအပ်ပါဘူးတဲ့။ အကယ်၍ လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့သူ၊ ဖုန်များတဲ့နေရာမှာ အလုပ်လုပ်တဲ့သူတွေအတွက် တစ်နေ့ကို ရေနှစ်ခါချိုးမယ်ဆိုရင် တစ်ကြိမ်ကို ရေလောင်းရုံသာ လောင်းပြီး နောက်တစ်ကြိမ်ကိုသာ ရေအပြည့်ချိုးဖို့ အကြံပေးထားပါတယ်။
ရေမြှုပ်ကိုလည်း ၂ လ တစ်ကြိမ် ပြောင်းပေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့်ရောဂါကင်းပြီး သက်ရှည်ကျန်းမာဖို့ ဒီနေ့ကစလို့ရေကိုနည်းစနစ်မှန်မှန်လေးချိုးပေးပါနော်။
