ဘင်္ဂါလီများ နိုင်ငံသားပေးရေးနှင့် လူမျိုးအမည် တရားဝင် သတ်မှတ်ပေးရေး အပါအဝင် ဂမ်ဘီယာ၏ အခြားလျှောက်ထားချက်အားလုံးကို ICJ တရားသူကြီး ၁၅ ဦးစလုံးကပယ်ချ

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် စီရင်ချက်ချမှတ်ခဲ့ရာ ဆုံးဖြတ်ချက်အမှတ်စဉ် (၁၃) ၌ ဘင်္ဂါလီများကို နိုင်ငံသားပေးရေးနှင့် ၎င်းတိုလိုလားသော လူမျိုးအမည်ကို တရားဝင် သတ်မှတ်ပေးရေး အပါအဝင် ဂမ်ဘီယာနိုင်ငံ၏ အခြားလျှောက်ထားချက် အားလုံးကို တရားသူကြီး ၁၅ ဦးစလုံးက ၁၅ မဲ သုညမဲဖြင့် ပယ်ချခဲ့ကြောင်း သိရသည်။

စီရင်ချက် ၁၃ ချက်အနက် ဆုံးဖြတ်ချက် အမှတ်စဉ် (၁၃) တွင် ယင်းသို တစ်ညီတစ်ညွတ်တည်း ပယ်ချခဲ့ခြင်းဖြစ်ပြီး သက်သေခံပစ္စည်းများ ဖျက်ဆီးထားကြောင်း ဆုံးဖြတ်ချက် အမှတ်စဉ် (၁၂) တွင်လည်း သီးခြားထပ်မံဆောင်ရွက်ရန် မလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

အမှု၏ အခြားအဓိကအချက်များအပေါ် မဲပေးဆုံးဖြတ်မှုများကို လေ့လာကြည့်ပါက ဆုံးဖြတ်ချက် အမှတ်စဉ် (၁) နှင့် (၂) ဖြစ်သည့် လူမျိုးတုံးကျူးလွန်ခဲ့ကြောင်းနှင့် ကျူးလွန်ခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့ကြောင်းကို ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲဖြင့် ကပ်၍ ဆုံးဖြတ်ခဲ့သော်လည်း သဘောထားကွဲလွဲသည့် တရားသူကြီး ၆ ဦး၏ ပူးတွဲကြေညာချက်တွင် တရားရုံးသည် အစဉ်အလာ သက်သေခံခိုင်လုံမှု စံနှုန်းမှ သွေဖည်ခဲ့ကြောင်း ထောက်ပြဝေဖန်ထားသည်။

ထိုအပြင် ဆုံးဖြတ်ချက် အမှတ်စဉ် (၃) ဖြစ်သည့် ဘင်္ဂါလီများအပေါ် လူမျိုးတုံးသတ်ဖြတ်ရန် အမုန်းစကားများဖြင့် မြန်မာဘက်က လှုဆော်ခဲ့ခြင်း မရှိကြောင်းကို ၁၄ မဲ ၁ မဲဖြင့် မြန်မာနိုင်ငံဘက်က အနိုင်ရရှိခဲ့သည်။

ဆုံးဖြတ်ချက် အမှတ်စဉ် (၄) နှင့် (၇) တိုတွင်လည်း ကျူးလွန်သူအရပ်သားများနှင့် သံသယရှိသူများကို အရေးယူစစ်ဆေးရာ၌ အရေးယူရန် ပျက်ကွက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သော်လည်း အရေးယူစစ်ဆေးမှုကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို လွှပြောင်းပေးရန် မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပြည်တွင်းအစီအစဉ်ဖြင့်သာ လွတ်လပ်သော ခုံရုံးဖွဲစည်း စစ်ဆေးအရေးယူရန် ဆုံးဖြတ်ခဲ့သည်။ယင်းမှာ မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာပိုင်စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ဆုံးဖြတ်ချက် အမှတ်စဉ် (၅) တွင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သီးခြားဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိကြောင်း ၁၄ မဲ ၁ မဲဖြင့် ဆုံးဖြတ်ခဲ့ပြီး ဆုံးဖြတ်ချက် အမှတ်စဉ် (၆) နှင့် (၈) တိုအရ ချိုးဖောက်မှုမှန်သမျှ ရပ်တန့်ရန်နှင့် တားဆီးကာကွယ်ရန် ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံက တရားရုံးသို ပုံမှန်အစီရင်ခံစာများ တင်သွင်းဆောင်ရွက်လျက် ရှိသည်။

အလားတူ ဆုံးဖြတ်ချက် အမှတ်စဉ် (၉) တွင် ပြန်လည်ထူထောင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ရန် ၁၀ မဲ ၅ မဲဖြင့် ဆုံးဖြတ်ခဲ့ပြီး မြန်မာအစိုးရအနေဖြင့် အာဆီယံ၊ ကုလသမဂ္ဂ အဖွဲအစည်းများအပြင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနိုင်ငံတိုနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ကိုက်ညီလျက် ရှိသည်။

ဆုံးဖြတ်ချက် အမှတ်စဉ် (၁၀) နှင့် (၁၁) တိုတွင် ထိခိုက်နစ်နာသူများကို လျော်ကြေးပေးရန် ဆုံးဖြတ်ရာ၌ ဂမ်ဘီယာနိုင်ငံသို တိုက်ရိုက်ပေးချေရန် မဟုတ်ဘဲ မည်သူတို နစ်နာသည်၊ မည်မျှနှင့် မည်သို ပေးချေမည်ကို မြန်မာနိုင်ငံကပင် တာဝန်ယူ၍ လာမည့် ၂ နှစ်အတွင်း လေ့လာတင်ပြကာ ICJ က အတည်ပြုပေးရမည် ဖြစ်သည်။

ခြုံငုံသုံးသပ်ချက်များအရ ဂမ်ဘီယာနိုင်ငံဘက်က တောင်းဆိုခဲ့သည့် ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရရှိရေး၊ ကျူးလွန်သူများကို ICC သို လွှပြောင်းပေးအပ်ရေးနှင့် မတန်တဆ လျော်ကြေးငွေများ ရရှိရေးတိုကို လုံးဝ မရရှိခဲ့ဘဲ မြန်မာနိုင်ငံအနေဖြင့် မိမိ၏အချုပ်အခြာအာဏာနှင့်အညီ ဆက်လက်ရပ်တည်ဆောင်ရွက်ခွင့်ရရှိခဲ့သည်။

ရှုပ်ထွေးရှည်လျားသည့် တရားရုံး၏ စီရင်ချက်ကို မြန်မာနိုင်ငံအစိုးရအနေဖြင့် အချိန်ယူ၍ အလေးထား လေ့လာသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ရှေ့ဆက်လက်၍လည်း အမျိုးသားအကျိုးစီးပွားနှင့် ပကတိအခြေအနေများအပေါ် အခြေခံကာ မိတ်ဖက်နိုင်ငံကြီးများ၏ သံတမန်ရေးရာ အကူအညီများဖြင့် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်လှုပ်ရှားသွားရမည် ဖြစ်သည်။

ထိုကြောင့် ပြည်သူများအနေဖြင့် ICJ ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ပူပန်မှု လွန်ကဲခြင်းမရှိဘဲ စည်းလုံးညီညွတ်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သွားပါက မည်သည့်အခက်အခဲ စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *