ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey က နိုဝင်ဘာ ၁၉ ရက်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်မောင်ဆွေနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်းမ်းစတက်အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံအချင်းချင်းနိုင်ငံရေးအရ…