နိုဝင်ဘာ ၁၈ ရက်တွင် ပြန်လည်ပို့ဆောင်မည့် မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၇၅ ဦး စာရင်း

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို နိုဝင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံသို ပြန်လည်ပိုဆောင်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါမြန်မာနိုင်ငံသားများကို Bidor နှင့် Melaka Camp ထိန်းသိမ်းရေးစခန်းများမှ မြန်မာ့လေကြောင်းလိုင်း ခရီးစဉ်အမှတ် 8M-502 ဖြင့် ပြန်လည်ပိုဆောင်မည်ဖြစ်ပြီး သက်ဆိုင်ရာ မိသားစုဝင်များ သိရှိနိုင်ရန် ပြန်လည်ပိုဆောင်မည့်စာရင်းကို သံရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားကြောင်း သိရသည်။

ထိုပြင် ထိန်းသိမ်းခံထားရသူများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများ ရှိနေသဖြင့် တာဝန်ရှိသူမဟုတ်သူများ၏ ငွေကြေးတောင်းခံမှုများကို သတိပြုကြရန် သံရုံးက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *